ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာ
ကိုယ်စားလှယ်နေရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၄ ဦး၊ ကယန်းအမျိုးသားပါတီ (KNP) မှ တစ်ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
(LNDP) မှ တစ်ဦး နှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ အနိုင်ရရှိခဲ့သည်ဟု
သိရသည်။
.
.NLD မှ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်များမှာ
ဗမာတိုင်းရင်းသားလူမျိုးရေးရာ ကိုယ် စားလှယ် နေရာအတွက် ဒေါက်တာအောင်နိုင်ဝင်း၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်
နေရာအတွက် ဒေါ်ခင်စန်းမြင့်၊ အာခါ တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် နေရာအတွက်
ဦးယာကုပ်နှင့် အင်းတိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ်နေရာအတွက် ဒေါက်တာထွန်းလှိုင်တို့ဖြစ်ကြောင်း
သိရသည်။
.
KNP မှ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်
နေရာမှာ ကယန်းအမျိုးသားလူမျိုးရေးရာ ကိုယ်စားလှယ် နေရာအတွက် ဦးတင်နုဖြစ်ပြီး LNDP
မှ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် နေရာမှာ
လားဟူတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် နေရာအတွက် ဦးယောသပ် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် တစ်သီးပုဂ္ဂလ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်
ဦးဇုတ်ဒေါင်သည် ကချင်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် နေရာအတွက် အနိုင်ရရှိခဲ့သည်ဟု
သိရသည်။
.
အဆိုပါ အနိုင်ရ ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ အဖြစ် ၂၀၂၁ ခုနှစ် တတိယအကြိမ် ရှမ်းပြည်နယ်
အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်ကြရမည် ဖြစ်သည်။
.
တိုင်းရင်းသားလူမျိုးရေးရာ
ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(ဂ)တွင်
ပြည်နယ်များတွင် ထိုပြည်နယ် ရရှိပြီးသော
သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီးသော
တိုင်းရင်းသားလူမျိုးများမှ အပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်
သင့်မြတ်သော လူဦးရေ ဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁
ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုး
အသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များဟု
ဖော်ပြပါရှိသည်။
.