ကမ္ဘောဇတိုင်း
.
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ နောင်ချို-မန္တလေးကားလမ်း၊
ရွှေညောင်ပင်ကျေးရွာအဝင်တွင် နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၂၀၀၀ ကျော်
တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က နောင်ချိုမြို့နယ်၊
နောင်ချို-မန္တလေးသွား ကားလမ်း၊ ရွှေညောင်ပင်ကျေးရွာအဝင်တွင် မူးယစ်ဆေးဝါးသတင်းအရ သီပေါမြို့နယ်မှ
မန္တလေးမြို့သို့ ချစ်မျိုးခိုင်မောင်းနှင်ပြီး စိုးခိုင် လိုက်ပါသော LIFAN
အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ
ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး ၎င်းအတွင်း၌ ဘိန်းဖြူ ၁၄ ဒသမ
၃ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀၀ ပြားတို့ကို ထည့်သွင်းသယ်ဆောင်လာသည်ကို
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍
ချစ်မျိုးခိုင်နှင့် စိုးခိုင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း၊ သိရသည်။
.