နောင်ချိုမြို့နယ်တွင် ငွေကျပ် ၂၅၈၈ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၈ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွား
ကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေရာ သီပေါမြို့ဘက်မှ
မန္တလေးမြို့ဘက်သို့ သီပေါမြို့နယ်၊ စံဖိတ်ကွက်သစ်နေ ညီညီထွန်း မောင်းနှင်လာသော မော်တော်ယာဉ်
ပေါ်မှ ဖွဲနုအိတ်များအတွင်း ထည့်သွင်း သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀ ပြား (ဒေသကာ လပေါက်စျေးတန်ဖိုးငွေကျပ်
သိန်း ၁၄၀၀)၊ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇ ဒသမ ၉၂ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်
၁၁၈၈ သိန်း)တို့ကို တွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ညီညီထွန်းအား နောင်ချိုမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး
ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment