မိုင်းယုတွင် Mask မတပ်ဆင်သူများအား အခုဝယ် အခုတပ်စနစ်ဖြင့် ထပ်မံ ကြပ်မတ်စစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 12, 2020

မိုင်းယုတွင် Mask မတပ်ဆင်သူများအား အခုဝယ် အခုတပ်စနစ်ဖြင့် ထပ်မံ ကြပ်မတ်စစ်ဆေး

ကိုကိုနိုင်

.

တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် နိုဝင်ဘာလ ၁၁ ရက်၊ ညနေပိုင်းက နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာသူ ပြည်သူများအား မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အခုဝယ် အခုတပ် စနစ်ဖြင့် ကြပ်မတ်စစ်ဆေးမှုများ ထပ်မံပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

.

မိုင်းယုမြို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ရောဂါ ဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရေးတို့အတွက် ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းယုမြို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ပူးပေါင်း၍ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို နှာခေါင်းစည်းတပ်ဆင်ပေးပြီး၊ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများ ထပ်မံတွေ့ရှိလာသဖြင့် အခုဝယ်၊ အခုတပ် ဒဏ်ပေးစနစ်ဖြင့် ကြပ်မတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်အတိုင်း နေထိုင်စေရေးနှင့် ဒေသတွင်းရှိ ပျံကျဈေးသည်များကိုလည်း နှာခေါင်းစည်း (Mask)တပ်၍ လမ်းညွှန်ချက်များအတိုင်း ဈေးရောင်းချနိုင်ရေးအတွက် အထူးကြပ်မတ် အသိပညာပေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About