မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် နိုဝင်ဘာလ
၄ ရက်၊ ညပိုင်းက ကုန်စိမ်းသယ်ဆောင် ရောင်းချသူ ယာဉ်မောင်း တစ်ဦးထံမှ COVID-19
ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ပိုးတွေ့လူနာသည် မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာနေ
အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နမ့်စန် မြို့မှ မိုင်းတုံမြို့သို့ ကုန်စိမ်းသယ်ဆောင်ရောင်းချသူတစ်ဦးဖြစ်ကြောင်း
သိရသည်။
.
“မိုင်းတုံဆေးရုံမှာ ကုသနေပါတယ်။ လူနာနဲ့ ထိတွေ့ခဲ့တဲ့
ကွင်းဆက်တွေလည်း လိုက်နေဆဲဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းပိုးတွေ့လူနာ ယာဉ်မောင်း၏ မိသားစုဝင်များကို
ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် Rapid Test Kit ဖြင့် စစ်ဆေး သွားမည်ဖြစ်ပြီး
အကယ်၍ ရောဂါပိုးတွေ့ရှိပါက နားကောင်းမူးကျေးရွာအား Lockdown ပြုလုပ်သွားရန်
ရှိနေကြောင်း မိုင်းတုံမြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းထံက သိရသည်။
.
“သူက အောက်တိုဘာလ ၂၇ ရက်က တစ်ခါ ဖြတ်သန်းလို့ စစ်တယ်။
ပိုးမတွေ့ဘူး။ ၃ ရက်နေ့က နမ့်စန်ကုန်စိမ်းဒိုင်မှာ ကုန်ဝယ်၊ မိုင်းပန်မှာ ကွမ်းဝယ်ပြီး
ပြန်လာတာပါ။ လမ်းမှာ ကားပေါ်ပဲ ညအိပ်တယ်လို့ သိရတယ်။ ကျိုင်းတုံကို တင်ပြပြီး နမ့်စန်နဲ့
မိုင်းပန်ကိုတော့ လှမ်းပြောထားပါပြီ။ လူနာကို ဆေးရုံမှာ ကုပေးနေပါတယ်” ဟု ဒေါက်တာ သက်ခိုင်မင်းက
ပြောသည်။
.
ယင်းကဲ့သို့ COVID-19 ရောဂါပိုး
တွေ့ရှိမှုကြောင့် နားကောင်းမူးကျေးရွာမှ ပါတီစည်းရုံးရေးဆင်းမည့် SNLD ၏ ခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝင်းမြတ်ဦးထံက
သိရသည်။
.
No comments:
Post a Comment