မူဆယ်တွင် အသံမိုင်း တစ်လုံး ပေါက်ကွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 29, 2020

မူဆယ်တွင် အသံမိုင်း တစ်လုံး ပေါက်ကွဲ

မူဆယ်မြို့တွင် ယ​နေ့ နိုဝင်ဘာလ  ၂၉ ရက်၊ နံနက် ၆ နာရီ​ကျော်ခန့်ကအသံမိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

.



မူဆယ်မြို့၊ ကောင်းမူတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေ၊ အမှတ် ၄၄၆ ရှိ နေအိမ်ခြံ၀င်း အတွင်း၌ ဆိုင်ကယ်စီး သမား ၂ ဦးမှ မိုင်းအား ပစ်ထည့်ခဲ့ခြင်း ဖြစ်ပြီး အသံမိုင်းသာ ဖြစ်သဖြင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

.

" လူ အထိအခိုက်တော့ မရှိပါဘူး။ အသံမိုင်း ဆိုပေမယ့် အိမ်တော့ နည်းနည်းထိတာ ပုံမှာ တွေ့ရတယ်။" ဟု ဂရုဏာလူမှုရေးအသင်းမှ ဦးသောင်းထွန်းက ​ပြောသည်။

.

အဆိုပါ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်​​နေကြောင်း သိရသည်။

.

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မူဆယ်မြို့၊ စွမ်ဆော်ရပ်၊ မန်ဝိန်းပေါက်အနီး အိမ်တစ်အိမ်၏ ခြံဝင်း အတွင်းသို့ ယခုကဲ့သို့ပင် ဆိုင်ကယ်သမားများက အသံမိုင်း ပစ်ထည့်ခဲ့မှု ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats