တရုတ်သို့ ဆန်၊ ဆန်ကွဲ တင်ပို့ရောင်းချရာတွင် စာချုပ်စာတမ်း ခိုင်မာစွာ ချုပ်ဆို ဆောင်ရွက်ရန် MRF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တရုတ်သို့ ဆန်၊ ဆန်ကွဲ တင်ပို့ရောင်းချရာတွင် စာချုပ်စာတမ်း ခိုင်မာစွာ ချုပ်ဆို ဆောင်ရွက်ရန် MRF ထုတ်ပြန်

တရုတ်နိုင်ငံသို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မှ တဆင့် ဆန်၊ ဆန်ကွဲ တင်ပို့ ရောင်းချရာတွင် စာချုပ်စာတမ်း ခိုင်မာစွာ ချုပ်ဆို ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)က နိုဝင်ဘာလ ၂၇ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

.


 

မြန်မာနိုင်ငံမှ ဆန်ကုန်သည်များ၊ မြန်မာကုမ္ပဏီများ အနေဖြင့်လည်း စာချုပ်စာတမ်း ခိုင်မာစွာ ချုပ်ဆို ရောင်းချရန်နှင့် လုပ်ထုံးလုပ်နည်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းကြောင်းနှင့် အခက်အခဲများ ရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံသို့ ဖြစ်စေ၊ ဆန်စပါးကုန်စည်ဒိုင် (မူဆယ်)သို့ ဖြစ်စေ အသိပေး တင်ပြ၍ အကူအညီ ရယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများနှင့် ဆန်စပါးကုန်စည်ဒိုင်(မူဆယ်)မှ ဥက္ကဌ၊ အတွင်းရေးမှူး အဖွဲ့တို့၏ အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats