.
လင်းခေးခရိုင် မိုးနဲမြို့နယ်ရှိ မဲရုံများ၌ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် လုံခြုံရေး ဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား နိုဝင်ဘာ ၁၅ ရက်၊ နံနက်ပိုင်းက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ကိုယ်စား ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် အထူးရဲ တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မိုးနဲမြို့နယ် အတွင်းရှိ မဲရုံ ၃၁ ခု၌ အထူးရဲတပ်ဖွဲ့ဝင် ၃၁ ဦးတို့က လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။