မောက်မယ်မြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်မြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

စိုင်းမျိုးသန့် (မောက်မယ်)

.

လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး အတွက် ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

.


.

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မောက်မယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းလင်းထိုက် နှင့် မီးသတ် တပ်ဖွဲ့ဝင်များက မဲရုံများတွင်မီးဘေးလုံခြုံရေးပစ္စည်းများထားရှိမှုအခြေအနေအားစစ်ဆေးပြီး မဲရုံမှူးများနှင့် အဖွဲ့ဝင်များအား  မဲရုံများတွင်မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြိမ်းသတ်ပုံအဆင့်ဆင့် နှင့် ဆက်သွယ် ရမည့် ဖုန်းနံပါတ်များ အသိပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

.

မောက်မယ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၂၁၉၃ ဦး ရှိပြီး ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် မဲရုံ ၁၉ ရုံ၊ မဲဆန္ဒနယ်အမှတ် (၂) တွင် မဲရုံ ၁၃ ရုံ စုစုပေါင်းမဲရုံ ၃၂ ရုံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats