အားချာ
.
တာချီလိတ်ခရိုင်၊
မိုင်းယောင်းမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ
ဆောင်ရွက်နိုင်ရေးအတွက် မုန်းလိုက်တံတားစစ်ဆေးဂိတ်အား နိုဝင်ဘာလ ၃၀ ရက်မှ စတင်၍ ည
၉ နာရီမှ နောက်တစ်နေ့ နံနက် ၈ နာရီ အချိန်အတွင်း ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း
သိရသည်။
.
“မိုင်းယောင်းမြို့နယ်အတွင်းမှာ
COVID-19 ရောဂါ
ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်အရ ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက်
မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ အနေနဲ့ မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်ကနေ ည
၉ ကနေ နောက်တစ်နေ့ နံနက် ၈ နာရီအချိန်အထိ ဖြတ်သန်းသွားလာခွင့် မပြုပါဘူး” ဟု မိုင်းယောင်းမြို့နယ်
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောသည်။
.
အဆိုပါ
မုန်းလိုက်တံတားကျန်းမာရေးစစ်ဆေးဂိတ်၌ ကျန်းမာရေး၊ ထွေ/အုပ်၊ ရပ်တပ်ဖွဲ့၊ လဝက၊
မီးသတ်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊
ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့က ပူးပေါင်းပြီး ခရီးသည်များအား ခရီးသွားရာဇဝင်
ကောက်ခံခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် မြို့တွင်းသို့ ဝင်/ထွက်
သွားလာနေသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID-19 ရောဂါပိုးရှိ/မရှိ RTD Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.