မဘိမ်းမြို့နယ်တွင် ဆင်နင်းသဖြင့် ဆင်ဦးစီးတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မဘိမ်းမြို့နယ်တွင် ဆင်နင်းသဖြင့် ဆင်ဦးစီးတစ်ဦး သေဆုံး

မင်းဇော်မင်း

.

မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာတွင် နိုဝင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းက ဆင် နင်းသဖြင့် ဆင်ဦးစီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

“ဆင်က မုန်ယိုနေတာ။ အဲဒါ ဆင်ဦးစီးက ကြံကျွေးပြီး ချော့လို့ရမယ်ထင်လို့ ချော့တာမှာ အနီးကပ် နှာမောင်းနဲ့ ပတ်ပြီး နင်းလိုက်တာပါ။ သူ့မိသားစုတွေကို ခေါ်ပေးပြီး သေဆုံးသူကို ဆေးရုံပို့ပေးခဲ့ပါတယ်။ ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) သင်္ဂြိုဟ်ပါမယ်” ဟု မဘိမ်းမြို့နယ် အခြေစိုက် မိုးလုံးလူမှုကူညီရေးအသင်းမှ ဦးအာကာက ပြောသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ မဘိမ်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ပြောကြား ခွင့်မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

.

မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာနေ ဆင်ဦးစီး ကိုနိုင်ဝင်း (၃၇ နှစ်) သည် နိုဝင်ဘာလ ၁၁ ရက်က ၎င်း ထိန်းကျောင်း နေသည့် မုန်ယိုဆင်ကို ချော့မော့သည့်အနေဖြင့် အနီးကပ် ချော့မြူ၍ ကြံကျွေးစဉ် ဆင်မှ နှာမောင်းဖြင့် ရစ်ပတ်ကာ ခြေဖြင့် နင်းသတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါဆင်သည် စီပန်းကျေးရွာအတွင်း သောင်းကျန်းနေသဖြင့် တာဝန်ရှိသူများက ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

.

Journal Download

Photo of three cats