.
လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် ငွေများကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ဝဝဝဝ သောင်းနှုန်းဖြင့် လင်းခေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် တာဝန်ရှိသူများက ပြည်သူ့လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လင်းခေးမြို့နယ် အတွင်းရှိ မြို့ပေါ် ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စု ၁၁ အုပ်စုမှ ပုံမှန် ဝင်ငွေ မရှိသော အိမ်ထောင်စု ၃၆၆ စုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၇၃၂၀၀၀၀ ကို COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း မိသားစု စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ရည်ရွယ် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။