.
“ ဒီနေ့ မနက်ပဲ အမှု ဖွင့်လိုက်တာပါ။ တာချီလိတ်မှာ ဘေးစီမံနဲ့ အမှု ဖွင့်တာ ဒါနဲ့ပါဆိုရင် ၃ မှု ရှိပါပြီ။” ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
1G1-7 Hotel ၌ အလုပ် လုပ်ကိုင်ခဲ့သည့် အမျိုးသမီးတွင် နိုဝင်ဘာလ ၂၅ ရက်က COVID-19 ပိုး တွေ့ ရှိခဲ့ပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် ဒေသတွင်း COVID-19 ပိုး ကူးစက်ခံရမှုများ ရှိလာနေကြောင်းလည်း သိရသည်။
.
ယင်းကဲ့သို့ အမှုဖွင့် ခံရမှုနှင့် ပတ်သက်၍ 1G1-7 ဟိုတယ် တာဝန်ရှိသူ တစ်ဦးထံသို့ ဆက်သွယ် မေးမြန်းရာတွင် “ အခုချိန်မှာ လောလောဆယ်က အလုပ် လုပ်နေလို့ ဘာမှ မသိရသေးဘူး။”ဟုသာ ပြောဆိုခဲ့သည်။
.
တာချီလိတ်မြို့နယ်အတွင်း၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် KTV ဆိုင်များ၊ Club များနှင့် Bar များ ဖွင့်လှစ်ခြင်း မပြုရန် အပါအဝင် စည်းကမ်းချက် ၁၄ ချက် ပါဝင်သည့် ဒေသန္တရအမိန့်အား ပြီးခဲ့သည့် မေလက စတင်၍ ထုတ်ပြန်ထားပြီး ယင်းအမိန့်အား ဖောက်ဖျက်ခဲ့သည့် လုပ်ငန်းများကို အမှုဖွင့် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် မတ်လမှ ယနေ့ နိုဝင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းအထိ တာချီလိတ်မြို့နယ်အတွင်း၌ COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၂၃ ဦး တွေ့ရှိထားကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ပြောဆိုချက်အရ သိရသည်။
No comments:
Post a Comment