ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ COVID-19 ပိုးတွေ့လူနာ ဆေးရုံ ဆင်းခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 19, 2020

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ COVID-19 ပိုးတွေ့လူနာ ဆေးရုံ ဆင်းခွင့်ရ

မိုင်းထွန်း

.

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် ပျားမွေးမြူရေးလုပ်ငန်း အလုပ်လုပ်ရန် လာရောက်ရင်း COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် အမျိုးသားသည် ယနေ့ နိုဝင်ဘာလ ၁၉ ရက်၊ နေ့လယ်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။

.



.

အဆိုပါ ဆေးရုံမှဆင်းခွင့်ရသည့်သူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချောင်းဦးကျေးရွာမှ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာရှိ ပျားမွေးမြူရေးလုပ်ငန်းတွင်အလုပ်လုပ်ရန် အတွက် လာရောက်စဉ် နောင်ပိန်ကျေးရွာရှိ Quarantine Center ၌ နိုဝင်ဘာ ၁ ရက်နေ့က ဝင်ရောက်နေထိုင်ခဲ့ကာ နိုဝင်ဘာ ၆ ရက်နေ့က ၎င်း၏ ဓါတ်ခွဲနမူနာများကို ရယူစစ်ဆေးခဲ့ရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

၎င်းအားကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သီးသန့်ဆောင်သို့ ပြန်လည် ပြောင်းရွှေ့ထားရှိ၍ ဆေးကုသမှု ခံယူစေခဲ့ရာ သတ်မှတ်ကာလအတွင်း ရောဂါလက္ခဏာ တစ်စုံတရာ မပြသဘဲ သက်သာပြီ ဖြစ်‌သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ်တွင် ယနေ့အချိန်အထိ COVID-19 ပိုးတွေ့လူနာ ၁၁ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About