ခွန်သန်းအောင်
.
ကလောမြို့နယ်၊ လွယ်အံ့ကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာတွင်
ယနေ့ နိုဝင်ဘာလ ၄ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန် ခန့်က အဲယားကွန်း ဆေ့ကတ် အပူလွန်ကဲရာမှ
မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အင်ပြင်ကျေးရွာရှိ အိမ်ရှင် ဦးနေယု၏ နေအိမ်တွင် တပ်ဆင်ထားသော
အဲယားကွန်း ဆေ့ကတ် အပူလွန်ကဲရာမှ ဝါယာ ရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး
မီးလောင်မှုကြောင့် ဦးနေယု၏ ၃၀ x ၂၀ ပေ တစ်ထပ်နံကပ် သွပ်မိုးနေအိမ်
မီးလောင်ကျွမ်းခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ
ဦးနေယု အား ကလောမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.