စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ စစ်ဆေးရေးဂိတ်တွင်
ယနေ့ နိုဝင်ဘာလ ၁၈ ရက်က ယာဉ်နောက်လိုက်တစ်ဦး ထံမှ COVID-19 ရောဂါပိုး
တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
“နန့်ပန်တက် မှာ တစ်ယောက် တွေ့ပါတယ်” ဟု ကလောမြို့နယ်
ပြည်သူ့ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာ ကကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါ COVID-19 ပိုးတွေ့လူနာမှာ
အသက် ၂၅ နှစ်ရှိ ယာဉ်နောက်လိုက်ဖြစ်ပြီး ရန်ကုန်မြို့မှ အေးသာယာမြို့သို့ ထွက်ခွာလာခြင်းဖြစ်ကာ
၎င်းနှင့်အတူ လိုက်ပါလာသူ ယာဉ်မောင်းကို ကလောမြို့ Quarantine Center သို့ ပို့ဆောင် ထားကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့
ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များ၊
ယာဉ်ပေါ်ပါလာသူများအား နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်
တောင်ပိုင်းမှ အခြားဒေသသို့ ထွက်ခွာမည့် မော်တော်ယာဉ်များမှ ယာဉ်မောင်း၊
ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ် ပါသူများကို ကလောစစ်ဆေးရေးဂိတ်တွင်လည်းကောင်း Rapid
Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ
စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.