ကလောတွင် အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 15, 2020

ကလောတွင် အရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိ

စုလှိုင် 

.

ကလောမြို့ ၊ အမှတ် (၄) ရပ်ကွက်၊ မြို့မစျေး မီးပွိုင့် အနီး၊ စံစံစတိုး လမ်းဆုံတွင် နိုဝင်ဘာလ ၁၄ ရက်ကအရှိန်မထိန်းနိုင်သော မော်တော်ယာဉ်မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီး အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့ ၊ ညောင်ပင်ထောင် ရပ်ကွက် နေရာဂျန်း မောင်းနှင်လာသော Hijet အမျိုးအစား မော်တော်ယာဉ်သည် နိုဝင်ဘာလ ၁၄ ရက်၊ နေ့လယ် ၁ နာရီခွဲ ခန့်က ကလောမြို့၊ စံစံ လမ်းဆုံဘက်မှ နာရီစင်ဘက်၊ အရှေ့ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာစဉ် ကလောမြို့နယ်၊ မြင်းကျဒိုး ကျေးရွာနေ မသူသူသင်း မောင်းနှင်ပြီး နောက်တွင် မပပစိုး လိုက်ပါစီးနင်းလာသော ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

.

ယာဥ်တိုက်မှုကြောင့် မသူသူသင်း တွင် ဦးခေါင်း နောက်စေ့ ဖူးရောင်၊ နှာခေါင်း ပွန့်ပဲ့ ဒဏ်ရာ စိုးရိမ်ရ နှင့် မပပစိုးတွင် နဖူးပွန်းပဲ့၊ ယာပါးဖူးရောင်၊ အပေါ် နှုတ်ခမ်း ပွန်းပဲ့၊ ယာဒူးပွန်းပဲ့ ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။ 

.

အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ် မဆင်မခြင် မောင်းနှင်သူ ယာဥ်မောင်း ရာဂျန်း အား ကလောမြို့မ  ရဲစခန်း ၏ ယာဥ် (ပ) ၃၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ -၂၇၉/ ၃၃၇/၃၃၈ တို့ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ 

.


No comments:

Post a Comment

Journal Download

Photo of three cats

About