ကမ္ဘောဇတိုင်း
.
လွိုင်လင်ခရိုင်၊ ကာလိမြို့၊ တာကော်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင်
နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲပိုင်းအချိန်က အိုက်စ်ဟုယူဆရသည့် မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
.
.မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးနေစဉ်
ကာလိမြို့ဘက်မှ တာကော်တံတားဘက်သို့ ကျေးသီးမြို့နေ
ကျော်ဆန်း မောင်းနှင်လာသည့် TOYOTA HI-ACE အဖြူရောင်ယာဉ်အမျိုးအစားအား
ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ခေါင်မိုး ပေါ်တွင်
စက္ကူ ဂျပ်ဖာ ၃ လုံးတင်ဆောင်ထားသည်ကို တွေ့ရှိ၍ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အိုက်စ်ဟုယူဆရသော
အဖြူရောင်ပုံဆောင်အခဲ/အမှုန့် ၁ ကီလိုဂရမ်ခန့်စီပါ ၇၇ ထုပ် နှင့်
မော်တော်ယာဉ်အတွင်း နောက်ဆုံးတန်း ယာဘက်အစွန်ဆုံး ခုံပေါ်မှ လက်ဆွဲအိတ်
အမဲရောင်ဖြင့် ထည့်ထားသည့် အိုက်စ်ဟုယူဆရသော
အဖြူရောင်ပုံဆောင်အခဲ/အမှုန့်အလေးချိန် ၁ ကီလိုဂရမ်ခန့်စီပါ ၃ ထုပ်၊ စုစုပေါင်း ၈၀ ထုပ် တို့အား
ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
.
ဆက်လက်ပြီး ကျော်ဆန်း၏ ထွက်ဆိုချက်အရ အိုက်စ်များတင်ဆောင်ပေးသူမှာ မိုင်းရှူးမြို့နေသူ လောင်ဆိုင် ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် တာဝန်ရှိသူများမှ မိုင်းရှူးမြို့၊ ရပ်ကွက်(၄) နေ လောင်ဆိုင် ၏ နေအိမ်အား ထပ်မံရှာဖွေဖမ်းဆီးခဲ့ကြောင်းသိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ကျော်ဆန်းနှင့် လောင်ဆိုင် တို့အား မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.