.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ အတားအဆီးများကို ဖယ်ရှား၍ မိမိသဘောဖြင့် မိမိ ဖြတ်သန်း မောင်းနှင်ခဲ့ကြသည့် ယာဉ်မောင်း ၄ ဦးအား ကလောမြို့နယ်တရားရုံးမှ နိုဝင်ဘာ ၁၈ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၃ လစီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ပြုလုပ်ထားသည့် အတားအဆီးများအား ဖယ်ရှား၍ မောင်းနှင်ခဲ့ကြသည့် မော်တော်ယာဉ် ယာဉ်မောင်းများအနက် ဖမ်းဆီးရမိသည့် ယာဉ်မောင်း ၄ ဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၃၀(က)ဖြင့် ကလောမြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
.
“ သူတို့ကို ပထမပိုင်း Quarntine Center မှာ ထားပါတယ်၊ ပြီးတော့ အာမခံ ပေးထားတာပါ။ ခုတော့ အချုပ်ထဲမှာ သီးသန့်ထားပြီး အကျဉ်းဦးစီးကို ပို့ဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။”ဟု ကလောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပြစ်ဒဏ်ကျခံရသည့် ယာဉ်မောင်းများမှာ ကိုဝင်းဇော်၊ ကိုအောင်စိုးမိုး၊ ကိုမျိုးထက်နှင့် ကိုငွေစိုးတို့ ဖြစ်ကာ ၎င်းတို့အပြင် အတားအဆီးများကို ဖယ်ရှား၍ မောင်းနှင်ခဲ့သည့် ယာဉ်မောင်း ၁၇ ဦးကိုလည်း ထပ်မံ တရားစွဲ တင်သွားရန် ရှိနေကြောင်းလည်း သိရသည်။