ငြိမ်းသူ
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ
ကျေးရွာ ၇ ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေများဖြင့်
သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.ဆောင်ရွက်မည့် လုပ်ငန်းများမှာ ဟိုပုံးမြိုန့ယ်၊
ကောင်တယံကျေးရွာတွင် အရှည် ၂ မိုင်ရှိ စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း၊
ငိုချီးကျေးရွာတွင် အရှည် ၁ မိုင် ၄ ဖာလုံရှိ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊
ဂါလံ ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ နမ့်စင်ကျေးရွာတွင် အရှည် ၁ မိုင် ၄ ဖာလုံ
ရှိ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်၊
နမ့်ပေါ်လုံကျေးရွာတွင်အရှည် ၃ မိုင် ၄ ဖာလုံရှိ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်း ခြင်း၊
ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ နမ့်ပေါ်ဆွမ့်ကျေးရွာတွင် အရှည် ၃၄၇၇၀ ပေရှိ
ရေပိုက် လဲလှယ်ခြင်း၊ နမ့်ပါမုန်းကျေးရွာတွင် အရှည် ၆၆၅၀ ပေရှိ
ရေပိုက်လဲလှယ်ခြင်းလုပ် ဝါးဆို့ကျေးရွာတွင် အရှည် ၁၅၀၀ ပေရှိ
ရေပိုက်လဲလှယ်ခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။
.
အဆိုပါလုပ်ငန်းများကို ၂၀၂၀ -၂၀၂၁ ခုဘဏ္ဍာနှစ် ပြည်ထောင်စု၊
ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၃၀ ကျော်ဖြင့်
တင်ဒါအောင်မြင်သောကုမ္ပဏီများမှ ၂၀၂၁ ခုခုနှစ်၊ ဇန်နဝါရီလတွင် စတင် အကောင်အထည်ဖော်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် ထံက သိရသည်။
.
ယင်း စိမ့်စမ်းရေပိုက်လိုက် သွယ်တန်းခြင်းလုပ်ငန်းများ
ပြီးစီးပါက ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၆၈၀ အိမ်မှ လူဦးရေ ၃၀၇၀ ဦးတို့အတွက် ရာသီမရွေး
သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment