ရှမ်းပြည်နယ်ရှိ ပုံမှန်ဝင်ငွေ မရှိသော ပြည်သူ ၁၇၀၀၀၀ ကျော်ကို ထောက်ပံ့ငွေ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 13, 2020

ရှမ်းပြည်နယ်ရှိ ပုံမှန်ဝင်ငွေ မရှိသော ပြည်သူ ၁၇၀၀၀၀ ကျော်ကို ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ် အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော ပြည်သူ ၁၇၀၀၀၀ ကျော်ကို မြို့နယ်အလိုက် ထောက်ပံ့ငွေများ ပေးအပ်နေလျက် ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

.

“ အိမ်ထောင်စု တစ်စုကို ၂၀၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ပေးနေတာပါ။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

 


ရှမ်းပြည်နယ်အတွင်းမှ ပုံမှန်ဝင်ငွေ မရှိသော ပြည်သူ ၁၇၀၇၁၄ ဦးအတွက် တစ်ဦး (အိမ်ထောင်စု တစ်ခု) လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၃၄၁၄၂၈၀၀၀၀ အား သက်ဆိုင်ရာ မြို့နယ်အလိုက် ထောက်ပံ့ ပေးအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အထောက်အကူ ဖြစ်စေရေးအတွက် အစိုးရမှ  စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်နေခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About