.
“ ဆေးတက္ကသိုလ်က ဆရာ တစ်ယောက်က ၂၀ ရက်နေ့က ရန်ကုန်ကနေ ပြောင်းလာတာ၊ သူ့မိသားစုရော ၅ ယောက် လာတာပေါ့။ သူ့အိမ်မှာ Quarantine ထားပြီး စစ်တဲ့ အချိန်၊ ၂ ယောက်မှာ Positive ထွက်တာပါ”ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာ ၂ ဦးမှာ အသက် ၅၃ နှစ်နှင့် ၆ နှစ်အရွယ် အမျိုးသမီးများ ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေလျက် ရှိကြောင်းလည်း သိရသည်။