ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူများကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 17, 2020

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူများကို ရှမ်းပြည်နယ်အစိုးရ ဂုဏ်ပြု

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ကြသူများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရ ဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအား ကျေးဇူးတင် ဂုဏ်ပြုကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

.

ရှမ်းပြည်နယ်အတွင်းရှိ ၅၅ မြို့နယ်အနက် ၄၉ မြို့နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၀ ခုခန့်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၅၆ ဦးက ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About