ရှမ်းပြည်နယ်မှ ​ရွေး​ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များကို UEC အတည်ပြု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 14, 2020

ရှမ်းပြည်နယ်မှ ​ရွေး​ကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များကို UEC အတည်ပြု

ရှမ်းပြည်နယ်အတွင်းမှ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အနိုင် ရရှိခဲ့သည့် ကိုယ်စားလှယ်များ အားလုံးကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင် (UEC)က အတည်ပြုလိုက်ပြီ ဖြစ်သည်။



ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်သည် နိုဝင်ဘာလ ၉ ရက်၊ ည​နေ ၄ နာရီခွဲမှ စတင်၍ ​ရွေး​ကောက်ပွဲ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များ စာရင်းကို ​ကြေညာချက်အမှတ် (၂၀၆/၂၀၂၀) ဖြင့် ​စတင် ​ကြေညာခဲ့ခြင်း ဖြစ်ရာ ယ​နေ့ နိုဝင်ဘာလ ၁၄ ရက်၊ ​နေ့လယ်ပိုင်းတွင် ​ထုတ်ပြန်ခဲ့သည့် ​ကြေညာချက်အမှတ် (၂၆၀/၂၀၂၀)တွင် ရှမ်းပြည်နယ်မှ ကိုယ်စားလှယ်များ အားလုံး ပါဝင်(ပြည့်) ခဲ့ခြင်း ဖြစ်သည်။
.
ပြီးခဲ့သည့် ​၂၀၂၀ ရွေး​ကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း၌ နိုင်ငံ​ရေးပါတီ ၃၀ ​ကျော်မှ လွှတ်​တော် ကိုယ်စားလှယ်​လောင်း ၆၅၆ ဦးက ဝင်​ရောက် ယှဥ်ပြိုင် အ​ရွေးချယ်ခံခဲ့ရာ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်က နေရာအများဆုံးဖြင့် အနိုင် ရရှိခဲ့ကြောင်း သိရသည်။
.
[အနိုင်ရ ကိုယ်စားလှယ်များစာရင်း ကြည့်ရန်]

ပြည်သူ့လွှတ်တော်
https://www.facebook.com/kanbawzatai/posts/1443289052545423

အမျိုးသားလွှတ်တော်
https://www.facebook.com/kanbawzatai/posts/1443288525878809

ရှမ်းပြည်နယ်လွှတ်တော်

https://www.facebook.com/kanbawzatai/posts/1443289665878695

တိုင်းရင်းသား
https://www.facebook.com/kanbawzatai/posts/1445325369008458


No comments:

Post a Comment

Journal Download

Photo of three cats

About