မဘိမ်းတွင် လူ ၄ ဦးကို သတ်သည့် ဆင်အား ဖမ်းဆီး ထိန်းသိမ်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 16, 2020

မဘိမ်းတွင် လူ ၄ ဦးကို သတ်သည့် ဆင်အား ဖမ်းဆီး ထိန်းသိမ်းထား

မင်းဇော်မင်း

.

မဘိမ်းမြို့နယ်၊ စီပိန်းရွာနှင့် ရွာဟောင်းတို့မှ လူ ၄ ဦးအား သတ်ခဲ့သည့် မုန်ယို ဆင်အား သစ်တောဦးစီးဌာနမှ နိုဝင်ဘာလ ၁၅ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်ကြောင်း သိရသည်။

.

မိုးမိတ်မြို့နယ်သစ်တောဦးစီးဌာနမှ မုန်ယို ဆင်အား မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ကာ ထူးခတ် ဖမ်းဆီး၍ ဆင် ၃ ကောင်ဖြင့် ရွာဟောင်းတောစပ်တွင် ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း စီပိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

.

[ ဓါတ်ပုံ - ကိုအာကာ]

 “ မေ့ဆေးဒဏ်ကြောင့် လဲတဲ့နေရာက သစ်ပင် မခိုင်မှာ စိုးလို့ဆင်ကို ကြိုးချည်ပြီး အခု ထူးခတ် ချည်ထားတဲ့ သစ်ပင်နေရာကို ဆွဲခေါ်ခဲ့တာအခုတော့ ဒီအတိုင်း ဆိုပေမယ့် ရွာလူထုကတော့ ဆင်ကို ဒီနယ်ထဲမှာ မထားဘဲ ခေါ်သွားစေချင်နေကြတယ်။”ဟု စီပိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းက ပြောသည်။

.

အဆိုပါ ဆင်၏ ပိုင်ရှင်မှာ တရုတ်နိုင်ငံနယ်စပ် နောင်တောက်နေ ဦးတူးဂျာ ဖြစ်သည်ဟု သိရသော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်းနှင့် ဆင်အား သစ်တောဌာနအနေဖြင့် မည်သို့ လုပ်ဆောင်သွားမည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

.

ယင်း ဆင်မှာ ဆင်ထီး ဖြစ်ပြီး အမြင့် ၉ ပေ ရှိသည့် အံကုတ်အမျိုးအစား ဖြစ်ကာ မုန်ယိုရာမှ ထူးပြတ်ထွက်ပြေးသဖြင့် ခေါ်ဆောင်သည့် ဆင်ဦးစီးအား နိုဝင်ဘာ  ၁၁ ရက်တွင် လည်းကောင်း၊ ပင်ကြိမ်ရွာဟောင်းမှ လူ  ၃ ဦးကို နိုဝင်ဘာ ၁၃ ရက်တွင် လည်းကောင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About