မိုင်းတုံမြို့နယ်တွင် အသက် မပြည့်သူများ၊ ကိုယ်စားဖြင့် မဲ ထည့်သူများ ရှိနေသည်ဟုဆိုကာ SNLD မှ ကန့်ကွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံမြို့နယ်တွင် အသက် မပြည့်သူများ၊ ကိုယ်စားဖြင့် မဲ ထည့်သူများ ရှိနေသည်ဟုဆိုကာ SNLD မှ ကန့်ကွက်

စိုင်းသိင်္ခသူ      

.

မိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ်(၂)ရှိ မဲရုံအချို့တွင် ရွေးကောက်ပွဲ မဲပေးရာတွင် အသက်မပြည့်သူများ၊ ကိုယ်စား ထည့်သူများ ရှိနေသဖြင့် SNLD ပါတီမှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ဖုန်းဖြင့် ဆက်သွယ် ကန့်ကွက်လျက် ရှိသည်။

.


 

“ အသက် ၁၄ နှစ်လောက် တွေလည်း မဲ လာထည့်နေတယ်၊ တိုကင်မှာ အမည်က မိန်းမနာမည်၊ ထည့်တာက ယောကျ်ား၊ အဖေ၊ အမေ စစ်တော့ မမှန်တာတွေလည်း တွေ့ရတယ်၊ အဲဒါ ဒီနယ်မြေက မဲရုံ အားလုံးလောက် နီးပါးပဲ၊ ပါတီက မဲရုံစောင့် ၄ ယောက်ထားပြီးကို သေချာ မှတ်တမ်းယူ စစ်နေတာ၊ နမ်ဖိုင်မဲရုံဆို မဲရုံမှူးက လက်ခံနေတာ၊ ကန့်ကွက်တာကိုတောင် စိတ်ဆိုးချင်နေတယ်၊ အခုက တစ်နာရီကို လူ ၆၀ လောက်ပဲ ပြီးတာ၊ လူ ၃၀၀၀ လောက် ဆိုတော့ အချိန်မီ ပြီးဖို့ လိုအပ်တယ်၊ မြို့နယ်ရွေးကော်ကို ဖုန်းနဲ့ ကန့်ကွက်တဲ့အပြင် လူကိုယ်တိုင်ပါ သွားရောက် ကန့်ကွက်မယ်၊ မဲရလဒ်တွေလည်း ဆက် ကန့်ကွက်သွားမယ်။” ဟု မိုင်းတုံမြို့နယ်၊ SNLD ပါတီမှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝင်းမြတ်ဦးက ပြောသည်။

.

မိုင်းတုံမြို့နယ်မှ မဲရုံ ၁၄ ရုံရှိ မဲဆန္ဒရှင်စာရင်းများ၌ မှတ်ပုံတင် သက်သေခံကတ် တစ်စုံတရာ မရှိသူ ၁၆၃၉၇ ဦး ပါဝင်နေမှုနှင့် အဆိုပါစာရင်းအား စိစစ်နိုင်ရန် ခက်ခဲမှုကြောင့် SNLD ပါတီအနေဖြင့် ယခု မဲပေးသည့်ရက်တွင် မဲရုံများအလိုက် သေချာစွာ စိစစ်နေခြင်း ဖြစ်ကြောင်းသိရသည်။

.

Journal Download

Photo of three cats