တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ မဲရုံ၌ မဲစာရွက်တွင် မဲရုံမှူးလက်မှတ် မပါဝင်၍ ပယ်မဲ ဖြစ်မည်ကို စိုးရိမ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, November 8, 2020

တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ မဲရုံ၌ မဲစာရွက်တွင် မဲရုံမှူးလက်မှတ် မပါဝင်၍ ပယ်မဲ ဖြစ်မည်ကို စိုးရိမ်နေ

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ မဲရုံအမှတ်(၂)၌ အမျိုးသားလွှတ်တော် မဲစာရွက်တွင် မဲရုံမှူးလက်မှတ် မပါရှိ၍ ပယ်မဲ ဖြစ်မည်ကို မဲဆန္ဒရှင်များက စိုးရိမ်နေလျက် ရှိကြောင်း မဲပေးသူ ပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

.


 

“ မဲစာအုပ်ကို ကြည့်လိုက်တော့ တစ်အုပ်လုံး (လက်မှတ်) မပါဘူး။ ကျွန်တော့်ရှေ့မှာ ပေးထားတဲ့သူတွေက အများကြီး ရှိတယ်။ အဲဒါကို ကျွန်တော် ပြောလိုက်တော့ ပြန်ထိုးပေးမယ် ပြောတယ်ဗျ။ နာမည်တော့ ပါတယ်၊ လက်မှတ် မပါတာ။ ပယ်မဲ ဖြစ်သွားမှာကို စိုးရိမ်လို့ပါဗျ။ ဒုတိယပုံး အမျိုးသားလွှတ်တော်မှာပါ။”ဟု အဆိုပါ မဲရုံ၌ ဆန္ဒမဲ ပေးခဲ့သူ အမည် မဖော်လိုသူ ဝန်ထမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ယင်းကဲ့သို့ မဲရုံးမှူးလက်မှတ် မပါရှိသည့် ဆန္ဒမဲလက်မှတ်များအား မည်သို့ ဆောင်ရွက်မည်ကို တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌထံသို့ ဆက်သွယ် မေးမြန်းရာတွင် “ ကျွန်တော်တို့ဆီကိုတော့ ဘာမှ မပြောဘူးပဲ။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှာ တာဝန်ထမ်းဆောင်တဲ့သူများကို မဲရုံမှူးက စပြီးတော့ပေါ့၊ ကျွန်တော်တို့က သဘောရိုးနဲ့ မှားယွင်းခဲ့တာဆိုရင် ချက်ချင်း ပြီးစလွယ် အရေးယူလို့ မရဘူး။ ဥပဒေမှာတော့ ရှိပါတယ်။ ပယ်မဲ ဖြစ်/မဖြစ်ကတော့ ကျွန်တော်တို့က အထောက်အထား မပါဘဲနဲ့တော့ ပြောလို့ မရဘူး၊ ဥပဒေမှာ ပြဌာန်းထားတာ မဲရုံမှူးရဲ့ အတည်ပြုချက်က အတည်ပဲဗျ။”ဟု ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့နယ်တွင် ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု တည်ရှိပြီး မဲရုံစုစုပေါင်း ၂၄၅ ခု ရှိ၍ ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်း ၃၂၄၉၀၀ ဦးကျော်ခန့် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About