ကျောက်မဲမြို့နယ်၌ ကြိုတင်မဲပေးသူ စုစုပေါင်း ၇၅၈၃ ဦး ရှိပြီ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 7, 2020

ကျောက်မဲမြို့နယ်၌ ကြိုတင်မဲပေးသူ စုစုပေါင်း ၇၅၈၃ ဦး ရှိပြီ ဖြစ်

မိုင်းထွန်း

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် ကျောက်မဲမြို့နယ်တွင်  နိုဝင်ဘာ ၆ ရက်အထိ ကြိုတင် ဆန္ဒမဲပေးသူပေါင်း ၇၅၈၃ ဦး ရှိကြောင်း သိရသည်။

.


 

ကျောက်မဲမြို့နယ်တွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံအသီးသီးတွင် တာဝန် ထမ်းဆောင်ကြမည့် သူများသည် အောက်တိုဘာ ၂၉ ရက်မှ စ၍  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲမရှင် အဖွဲ့ခွဲရုံးတွင် သွားရောက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည့် အပြင် Quarantine Center များတွင် အသွားအလာ ကန့်သတ်နေထိုင် သူများ၊ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူများ၊ မဲရုံသို့ မလာနိုင်သည့် အချုပ်သားများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများ၏ ကြိုတင်ဆန္ဒမဲများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ  အဖွဲ့ခွဲဝင်များမှ တာဝန်ရှိသူများက သွားရောက်ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို  ၅၀၃၈ ဦး၊ အခြား ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၅၄၅ ဦး၊ စုစုပေါင်း ၇၅၈၃ ဦးက ကြိုတင်ဆန္ဒမဲ ပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

.

ကျောက်မဲမြို့နယ် အတွင်း၌ မဲရုံပေါင်း ၉၉ ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း ၁၁၈၀၀၀ ကျော် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About