မိုင်းတုံတွင် တပ်မတော်၏ ကြိုတင်မဲများ အပ်နှံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 7, 2020

မိုင်းတုံတွင် တပ်မတော်၏ ကြိုတင်မဲများ အပ်နှံ

စိုင်းသိင်္ခသူ

.

မိုင်းတုံမြို့နယ် အတွင်းရှိ တပ်မတော် တပ်ရင်း/တပ်ဖွဲ့များမှ ကြိုတင်မဲများကို နိုဝင်ဘာ ၇ ရက်၊ နေ့လယ် ၂ နာရီခွဲက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တပ်မတော် ကိုယ်စားလှယ်မှ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။

.

  

ယင်းသို့ အပ်နှံရာတွင် တပ်ရင်း/တပ်ဖွဲ့ (--) ခုမှ ကြိုတင် ဆန္ဒမဲပေးသူ ၆၈၀ ဦး၏ မဲလက်မှတ်များကို အပ်နှံခဲ့ခြင်း ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မြင့်ဦးနှင့် ကော်မရှင် အဖွဲ့ဝင်များက စစ်းဆေး လက်ခံခဲ့ကြောင်း သိရသည်။

.

မိုင်းတုံမြို့နယ်တွင်  အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးသူ ၁၅၁ဝ ဦး၊ အခြားကြိုတင်မဲ ပေးသူ ၂၃၀၅ ဦး၊ စုစုပေါင်း ၃၈၁၅ ဦး ရှိသည့်အပြင် ပြည်ပရောက် ကြိုတင် ဆန္ဒမဲပေးသူ ၈ ဦး ရှိကြောင်းနှင့် ယင်းကြိုတင် မဲပုံးများအား ချိတ်ပိတ်၍ သိမ်းဆည်းထားကြောင်း သိရသည်။

.

မိုင်းတုံမြို့နယ်တွင် မဲရုံ စုစုပေါင်း ၆၀ ကျော် တည်ရှိပြီး ဆန္ဒမဲပေးခွင့် ရှိသူ စုစုပေါင်း ၄၇၆၈၇ ဦး ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About