စိုင်းမျိုးသန့်(မောက်မယ်)
.
လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက နိုင်ဝင်ဘာလ ၆ ရက်တွင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးထွန်းထွန်းနိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ထွန်းတို့သည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရပ်ကွက်များရှိ မဲရုံများသို့ ကွင်းဆင်းစစ်ဆေး၍ ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ကွင်းဆင်း စစ်ဆေးရာတွင် ရွေးကောက်ပွဲ ကျင်းပစဉ် COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ ၊ မဲရုံအခင်းအကျင်းနှင့် မဲရုံ လုံခြုံရေး ဆောင်ရွက်ထားရှိမှု ၊ မဲရုံသို့ လာရောက်၍ ဆန္ဒမဲပေးကြမည့် ပြည်သူများအား စနစ်တကျ လက်ဆေးစေခြင်း ၊ နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ မဲရုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ၊ ဘေးကင်းလုံခြုံစွာဖြင့် မဲပေးနိုင်ရန်နှင့် အခြားလိုအပ်ချက်များကို မှာကြားခဲ့ကြောင်းလည်း သိရသည်။
.
မောက်မယ်မြို့နယ်တွင် မဲရုံစုစုပေါင်း ၃၀ ကျော်နှင့် ဆန္ဒမဲ ပေးခွင့်ရှိသူ စုစုပေါင်း ၂၃၀၀၀ ဦးကျော် ရှိကြောင်း သိရသည်။
.