ကမ္ဘောဇတိုင်း
.
၂၀၂၀ ပြည့်နှစ် ပါတီစုံ
ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာလ ၈ ရက်က ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးမြို့နယ်ရှိ
လွှတ်တော်ကိုယ်စားလှယ် နေရာ အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
က အနိုင်ရရှိခဲ့သည်ဟု သိရသည်။
.
.ပြည်သူ့လွှတ်တော် တောင်ကြီးမြို့နယ်မဲဆန္ဒနယ် နေရာတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအုန်းဝင်းက လည်းကောင်း၊ အမျိုးသားလွှတ်တော်
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၄) တွင် ဦးအောင်ကိုကိုက လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်
တောင်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် ဦးစိုးညွန့်လွင်က လည်းကောင်း၊ တောင်ကြီး
မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) တွင် ဒေါက်တာ ဒေါ်သန်းငွေက လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း
ရွေးကောက်ပွဲရလဒ် ဆန္ဒမဲစာရင်း ပုံစံ (၁၉) အရ သိရသည်။
.
တောင်ကြီးမြို့နယ် အပါအဝင်ဖြစ်သော အမျိုးသားလွှတ်တော်
ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၄) ၏ အနိုင်ရ ကိုယ်စားလှယ် အမည်စာရင်းမှာမူ မဲဆန္ဒနယ်အတွင်းရှိ
ကျန် မြို့နယ်များ၏ မဲရလဒ်များနှင့် ပြန်လည်ပေါင်းစည်း၍ ရေတွက်ရမည်ဖြစ်ပြီး ရှမ်းပြည်နယ်လွှတ်တော်
တိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ်လောင်း အနိုင်ရ အမည်စာရင်းများကိုမူ ထုတ်ပြန်နိုင်ခြင်း
မရှိသေးချေ။
.
No comments:
Post a Comment