လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် မျှော်လင့်ကြောင်း စိုင်းလုံကျော် ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 6, 2020

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် မျှော်လင့်ကြောင်း စိုင်းလုံကျော် ပြောကြား

ကမ္ဘောဇတိုင်း

.

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် မျှော်လင့်ကြောင်း ရှမ်းပြည်နယ်လွှတ်​တော်၊ ရပ်​စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း စိုင်းလုံကျော်က ပြောဆိုခဲ့သည်။

.

.

“အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန်နဲ့ သေချာ ဆုံးဖြတ်နိုင်ကြပါစေလို့ မှတ်ချက် ပေးလိုပါတယ်” ဟု စိုင်းလုံကျော် က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

စိုင်းလုံကျော်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက ရှမ်းပြည်နယ်လွှတ်​တော်၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ပေးခံရသူ ဖြစ်ကာ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ယင်းမဲဆန္ဒနယ်မှပင် ထပ်မံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

.

ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် စိုင်းလုံကျော်အပါအဝင် နိုင်ငံရေးပါတီ ၈ ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းပြည်နယ်အလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စိန်သည်လည်း ယင်းမဲဆန္ဒနယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About