.
ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုးထွန်း၏ နေအိမ်အား နိုဝင်ဘာ ၁၄ ရက်၊ ညပိုင်းက သေနတ်ဖြင့် အပစ်ခံရကြောင်း သိရသည်။
.
အဆိုပါ သေနတ်ဖြင့် အပစ်ခံရမှုကြောင့် နေအိမ်ရှေ့ ဝဲဘက်ပြတင်းပေါက်ပေါ်ရှိ လေကာပေါက် မှန် ကွဲအက်ခဲ့သော်လည်း ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ဘဲ ပြတင်းပေါက် အောက်ခြေတွင် (ကျည်) ခဲဖူး တစ်ခု တွေ့ရှိခဲ့ရကြောင်းသိရသည်။
.
“ လေကာမှန် နည်းနည်း ကွဲသွားတယ်။ ထိခိုက်မှုတော့ မရှိပါဘူး၊ ပစ်ခတ်တဲ့ အဖွဲ့ကိုလည်း စုံစမ်းနေကြတုန်းပဲ၊ လက်နက်ငယ်နဲ့ ပစ်သွားတာလောက်ပဲ သိရသေးတယ်။ ဥက္ကဌကြီးက အမှုတော့ မဖွင့်ထားသေးပါဘူး။”ဟု ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး နန်းနိုနိုလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း သေနတ်ဖြင့် အပစ်ခံရသည့် ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၏ နေအိမ်မှာ ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၀)တွင် တည်ရှိကြောင်း သိရသည်။