စောင့်ကြည့်ရမည့် ဓနုဒေသဦးစီး ဥက္ကဌ ရွေးချယ်မှု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, November 21, 2020

စောင့်ကြည့်ရမည့် ဓနုဒေသဦးစီး ဥက္ကဌ ရွေးချယ်မှု

မင်းဇော်မင်း ရေးသား တင်ပြသည်။

.

၂၀၂၀ ရွေးကောက်ပွဲ ပြီးစီးပြီးနောက် ၂၀၂၁ ခုနှစ်၌ တတိယအကြိမ် ဖြစ်ပေါ်လာမည့်  လွှတ်တော်၊ အစိုးရအဖွဲ့များကို ခန့်မှန်းကြရာတွင် အနိုင်ရပါတီမှ ခန့်အပ်မည့် အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ မဲဆန္ဒရှင် ပြည်သူများက မဲပေးရွေးချယ်ကြသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးများအပြင် ဒေသဦးစီးအဖွဲ့ ဥက္ကဌများလည်း ၂၀၀၈ အခြေခံဥပဒေအရ ရှိနေသေးသည်ကို ပြည်သူများ သတိမူမိရန် လိုအပ်ပါသည်။

.

ဥက္ကဌများသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဖြစ်သည်ဟု ဖွင့်ဆိုထား

.

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၇၆ ပါ အချက်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့၏ ရွေးကောက်တင်မြှောက် ခန့်အပ်ပုံကို ရည်ညွှန်း သတ်မှတ်ထားခြင်း ဖြစ်ပြီး ယင်းပုဒ်မ၏ ပုဒ်မခွဲ (ဆ)တွင် အဆိုပါဥက္ကဌများသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဖြစ်သည်ဟု ဖွင့်ဆိုထားချက်အရ ၎င်းတို့သည် ပြည်နယ်အဆင့် ဝန်ကြီးများပင် ဖြစ်ပေသည်။

.

ရွေးကောက်ပွဲမှ တင်မြှောက်ခံရသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဦးစီးအဖွဲ့ဝင် စုစုပေါင်း၏ လေးပုံ တစ်ပုံ ဖြစ်သည့် တပ်မတော်သားများက မဲဖြင့် ရွေးချယ်သူသည် ဒေသဦးစီးဥက္ကဌ ခန့်အပ်ခံရကြောင်း ပုဒ်မခွဲ(င)က ဖွင့်ဆိုထားသည့် အတိုင်း ထပ်မံ ရွေးချယ်ကြရပါသည်။

.

ဒေသဦးစီးအဖွဲ့ဥက္ကဌ ရွေးချယ်ရာတွင် အဖွဲ့ဝင် အချင်းချင်း ညှိနှိုင်း၍ မရပါက အခြေခံဥပဒေ ပုဒ်မ ၂၇၆၊ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ သော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသ ဦးစီးအဖွဲ့ ဥပဒေပါ ပုဒ်မ ၄ နှင့် အခြားပုဒ်မများ အပါအဝင် ပုဒ်မ ၂၁ အရ လျှို့ဝှက် မဲပေးနည်းလမ်းဖြင့် ကျင့်သုံး၍ ရွေးချယ်ရပေသည်။
.

ယင်းကဲ့သို့ ဒေသဦးစီးအဖွဲ့ဥက္ကဌ ရွေးချယ်ရာတွင် အဖွဲ့ဝင် အချင်းချင်း ညှိနှိုင်း၍ မရပါက အခြေခံဥပဒေ ပုဒ်မ ၂၇၆၊ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) အရ သော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသ ဦးစီးအဖွဲ့ ဥပဒေပါ ပုဒ်မ ၄ နှင့် အခြားပုဒ်မများ အပါအဝင် ပုဒ်မ ၂၁ အရ လျှို့ဝှက် မဲပေးနည်းလမ်းဖြင့် ကျင့်သုံး၍ ရွေးချယ်ရပေသည်။

.

ဓနုဒေသ၏ ယခင်အခြေအနေ (ဒုတိယအကြိမ် အစိုးရသက်တမ်း)

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးတို့က ဒေသဦးစီးဥက္ကဌအား လျို့ဝှက်မဲပေး ရွေးချယ်ခဲ့ကြသည်။ မဲပေးခွင့်ရှိသူ ၇ ဦး၏ ဆန္ဒမဲ ၇ ခုအနက် ၄ မဲနှင့်အထက် ရရှိသူက အနိုင်ရပြီး ဒေသဦးစီးဥက္ကဌ ရာထူးကို ရရှိခဲ့ပေသည်။

.

လက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌကို ရွေးချယ်ခဲ့ပုံမှာ တပ်မတော်သားကိုယ်စားလှယ် ၃ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအာကာလင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစဝ်အောင်မြတ် (ယခင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်လက်ရှိ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးညီလေးချမ်း(ယခု ဓနုအိုးစည်ပါတီ)၊ ရွာငံမြို့နယ်လွှတ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းစိုးတို့က လျို့ဝှက် မဲပေးစနစ်ဖြင့် မဲပေး ရွေးချယ်ရာတွင် ဦးအာကာလင်းက ၅ မဲ ရရှိခဲ့ပြီး ဒေသဦးစီးဥက္ကဌ အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပေသည်။

.

ထို့အပြင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အဆိုပါ မဲပေးခွင့်ရှိသူ ၇ ဦးအပြင် တောင်ရိုးနှင့် ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ် ရွေးချယ်ရာတွင်လည်း ယင်း မဲပေးခွင့်ရှိသူ ၇ ဦးကသာ အခြေခံဥပဒေအရ ရွေးချယ်ရသည် ဖြစ်၍ USDP မှ တင်သွင်းသည့် ကိုယ်စားလှယ်များသာ ရွေးချယ်ခံရပေသည်။

.

ယင်းအခြေအနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးမှ အဓိကတော့ ၂၀၀၈ ဖွဲ့စည်းပုံပဲ၊ ရွာငံ၊ ပင်းတယ ၂ မြို့နယ်လုံးမှာ ပြည်နယ် ၄ နေရာလုံး နိုင်မှ၊ ဒါမှမဟုတ် ၂၀၀၈ မှာ မျှချေ ဖြစ်အောင် ပြင်နိုင်မှ ဖြစ်မှာဟု သုံးသပ်သည်။

.

NLD က တစ်တိုင်းပြည်လုံး နိုင်သော်လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များသာ မဲပေး ရွေးချယ်ခွင့်ရသည့် ဒေသဦးစီးဥက္ကဌ ရွေးချယ်မှုမှာ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဖြစ်ရာ တစ်မြို့နယ် ၂ နေရာနှင့် ရွာငံ၊ ပင်းတယ ပြည်နယ်လွှတ်တော် ၄ နေရာလုံး နိုင်ပါမှသာ ၄ မဲရမည် ဖြစ်ပြီး ဒေသဦးစီးအဖွဲ့ ဥက္ကဌကို ခန့်အပ်နိုင်မည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

.


 

ဓနုဒေသ၏ လက်ရှိအခြေအနေ (တတိယအကြိမ်အစိုးရ သက်တမ်း)

.

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD က ရွာငံတွင် ၂ နေရာ၊ ပင်းတယတွင် ၁ နေရာ၊ စုစုပေါင်း နေရာ အနိုင် ရရှိပြီး USDP က ပင်းတယတွင် ၁ နေရာသာ အနိုင် ရရှိခဲ့သော်လည်း အခြေခံဥပဒေအရ တပ်မတော်သား ၃ ဦးမဲများ ရှိနေသည့်အတွက် USDP အတွင် စုစုပေါင်း မဲ ၄ ခု ရှိနေနိုင်သဖြင့် ဒေသဦးစီးအဖွဲ့ ဥက္ကဌနေရာကို USDP မှပင် အသာစီး ဆက်လက် ရယူလိမ့်မည် ဖြစ်ပေသည်။

.

NLD အနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာမှ အပ ကျန် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ရာနှုန်းပြည့် နီးပါး အနိုင်ရသော်လည်း အခြေခံဥပဒေအရ တပ်မတော်သားများ၏ အလိုအလျောက် ပါဝင်မှုကြောင့် ဒေသဦးစီးအဖွဲ့ ဥက္ကဌ နေရာကို ရရှိရန်မှာ အလှမ်းဝေးနေရခြင်းလည်း ဖြစ်သည်။

.

NLD အနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နေရာမှ အပ ကျန် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ရာနှုန်းပြည့် နီးပါး အနိုင်ရသော်လည်း

ခြေဥ ၂၇၆ (င)မှာကို ပါ ပါတယ်၊ ဦးစီးအဖွဲ့ဝင်များသည် မိမိတို့ အချင်းချင်း ညှိနှိုင်းလျက် ဆိုတဲ့စကားပါအဲဒါက လျို့ဝှက် မဲမပေးဘဲ အချင်းချင်း ညှိနှိုင်းလုပ်ဆောင်နိုင်လို့ ရှိရင် မျှခြေ ရှိတဲ့ ဥက္ကဌ ခန့်တာ၊ ဖြည့်စွက်အဖွဲ့ဝင် ခန့်တာ တွေကို လုပ်ဆောင်နိုင်ဖို့ပါ ခုဆို တပ်မတော်ရဲ့ သဘောထား ပျော့ပြောင်းမှုကိုလည်း တွေ့လာရတော့ ကိုယ့်ဒေသမှာ လူထု ဆန္ဒမဲ အများစုနိုင်တဲ့ လူထုကိုယ်စားလှယ်တွေက ကိုယ့်ဒေသအတွက် ဆောင်ရွက် နိုင်စွမ်း ရှိဖို့ ညှိနှိုင်း လုပ်ဆောင်ကြမယ်ဆိုရင် အကောင်းဆုံး ဖြစ်မှာပါ။” ဟု ပင်းတယမြို့နယ်မှ စာရေးဆရာ ပြည့်ပိုင်မှူးအိမ်က ပြောသည်။

.

တပ်မတော် အနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေရာ အများစု ရရှိသည့် NLD ကို ထောက်ခံမည်လော၊ မဲဆန္ဒနယ် ၁ နေရာသာ ရရှိခဲ့သည့် USDP ကို ထောက်ခံမည်လော ဆိုသည်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ မဲပေးရွေးချယ်မှုကသာ အဓိက ကျနေသည်။

.

အခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများ

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း မြို့နယ် ၃ ခုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ မဲဆန္ဒနယ်နေရာ အပြည့် ၆ နေရာလုံး အနိုင် ရရှိခဲ့သည့်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး၏ ဆန္ဒမဲမှာ မထိရောက်ဘဲ ဒေသဦးစီးအဖွဲ့ ဥက္ကဌ နေရာကို PNO ကသာ ရယူနိုင်ပါမည်။

.

ထို့အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကုန်းကြမ်းနှင့် လောက်ကိုင် မြို့နယ် ၂ ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ မဲဆန္ဒနယ်နေရာ အပြည့် ၄ နေရာလုံး အနိုင် ရရှိခဲ့သည့်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး၏ ဆန္ဒမဲမှာ မထိရောက်ဘဲ ဒေသဦးစီးအဖွဲ့ ဥက္ကဌ နေရာကို USDP ကသာ ရယူနိုင်ပါမည်။

.

ထို့အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်ဆန်နှင့် မန်တုံမြို့နယ် ၂ ခုတွင် တအာင်းပလောင်အမျိုးသားပါတီ (TNP) မှ မဲဆန္ဒနယ်နေရာ အပြည့် ၄ နေရာလုံး အနိုင် ရရှိခဲ့သည့်အတွက် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး၏ ဆန္ဒမဲမှာ မထိရောက်ဘဲ ဒေသဦးစီးအဖွဲ့ ဥက္ကဌ နေရာကို TNP ကသာ ရယူနိုင်ပါမည်။

.

ထို့နည်းတူ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း(ပန်ခမ်း) မြို့နယ်များအနက် ဟိုပန်နှင့် မက်မန်းမြို့နယ်များတွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ပြီး ယင်း ၂ မြို့နယ်တွင် တစ်သီးပုဂ္ဂလမှ ၁ ဦး၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ “၀” အမျိုးသားပါတီမှ ၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦး၊ စုစုပေါင်း ၄ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်များလည်း ရှိနေသည့် အတွက် “ဝ”တိုင်း၏ နိုင်ငံရေးအခြေအနေများအရ အခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကဲ့သို့ ပါတီအလိုက် အနိုင်ရ မဲဆန္ဒနယ် နေရာ ကွာဟမှု မရှိသော်လည်း တပ်မတော်သားများ၏ ဆန္ဒမဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကဲ့သို့ပင် အရေးပါနေမည်ဟု သုံးသပ်ပါသည်။

.

အကောင်းဆုံးသော ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသဦးစီးအဖွဲ့ဝင်များ ရရှိ ပေါ်ထွက်လာရေးအတွက် စောင့်ကြည့် မျှော်လင့်ကြရုံသာ

.

စောင့်ကြည့် မျှော်လင့်သွားကြမည်

.

မည်သို့ပင် ဖြစ်စေ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မိမိတို့ မဲဆန္ဒရှင် ပြည်သူများသည် ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ကြားမှ မိမိတို့ နှစ်သက်သည့် ပါတီ သို့မဟုတ် ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ခဲ့ကြပြီး ဖြစ်ရာ အကောင်းဆုံးသော ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသဦးစီးအဖွဲ့ဝင်များ ရရှိ ပေါ်ထွက်လာရေးအတွက် စောင့်ကြည့် မျှော်လင့်ကြရုံသာ ဖြစ်ပါကြောင်းနှင့် လူကြီးလူကောင်းဆန်ဆန်၊ သိက္ခာရှိရှိ ကျိုးကြောင်းကျ ဝေဖန်နိုင်ပါစေဟု ဆန္ဒပြု တင်ပြလိုက်ရပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About