မိုင်းဆတ်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ် စက်ဝန်းအတွက် ကျပ်သိန်း ၄၀၀ ထုတ်ချေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 13, 2020

မိုင်းဆတ်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ် စက်ဝန်းအတွက် ကျပ်သိန်း ၄၀၀ ထုတ်ချေး

ဖြိုးကျော်(ပုံတောင်မြေ)

.

မိုင်းဆတ်မြို့နယ်ရှိ ကျေးလက်နေ ပြည်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ်စက်ဝန်းအတွက် ကျပ်သိန်း ၄၀၀ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

.

မိုင်းဆတ်မြို့နယ်အတွင်း ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော မယ်နင်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ်စက်ဝန်းအတွက်  စိုက်ပျိုးရေးလုပ်ကိုင်သူ ၆ ဦးအား ငွေကျပ် ၂၅ သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၄ ဦးအား ငွေကျပ် ၂၃၉ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၂ ဦးအား ငွေကျပ် ၁၀၆ သိန်းအသက်မွေးဝမ်းကြောင်း လုပ်ကိုင်သူ ၃ ဦးအား ငွေကျပ်သိန်း ၃၀စုစုပေါင်း ၅၅ ဦးအတွက် ငွေကျပ်သိန်း ၄၀၀ ကို ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.


 

ကျေးလက်နေ ပြည်သူတွေ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစု ဝင်ငွေ တိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှု လျော့ကျစေဖို့နဲ့ တုံ့ပြန်နိုင်စွမ်းကောင်းသော လူ့မှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ကာလ ညွှန်ကြားချက်တွေနဲ့ အညီ ထုတ်ချေးပေးခဲ့တဲ့အပြင်  စာရင်းဇယား စစ်ဆေးခြင်း၊ ကဏ္ဍအလိုက် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုပါ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။”ဟု မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးနိုင်လင်းဦးက ပြောသည်။

.

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မိုင်းဆတ်မြို့နယ်အတွင်း၌ တစ်ယူနစ်လျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ၁၀ ယူနစ် ကျေးရွာ ၁၂ ရွာ၊ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင် ၅ ယူနစ် ကျေးရွာ ၉  ရွာ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် ၈ ယူနစ် ကျေးရွာ ၁၃ ရွာ၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် ၂ ယူနစ် ကျေးရွာ ၃ ရွာနှင့် ၂၀၁၈ ခု mini budget တွင် တစ်ယူနစ် ကျေးရွာ ၁ ရွာ စုစုပေါင်း ၂၆ ယူနစ်ကို ကျေးရွာ ၃၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About