ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင်
ယနေ့ နိုဝင်ဘာလ ၃၀ ရက်အတွင်း COVID-19 ပိုးတွေ့လူနာ ၅ ဦး တွေ့ရှိခဲ့သည်ဟု
သိရသည်။
.
.ရှမ်းပြည်နယ်အတွင်း Quarantine ဝင်ရောက်နေသူများ၊ COVID-19 ရောဂါပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများ
အား Rapid Test Kit ဖြင့် စစ်ဆေးပေးရာမှ တောင်ကြီးမြို့နယ်မှ
၄ ဦးနှင့် ရပ်စောက်မြို့နယ်မှ တစ်ဦး၊ စုစုပေါင်း ၅ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“တောင်ကြီး မင်္ဂလာဦးအဆက်က ၂ ဦး၊ နောက်ပြီး အနံ့ပျောက်လို့
ရောက်လာတဲ့ ပြည်တော်သာမှာ နေပြီး မြို့မဈေးထဲမှာ ဈေးရောင်းတဲ့သူက တစ်ဦး၊ တောင်ကြီး၊
ပန်သခွားမှာ Quarantine ဝင်နေတဲ့ တစ်ဦး၊ ရပ်စောက်က မန္တလေးမစိုးရိမ်ကျောင်းတိုက်က
ပြန်လာတဲ့ သံဃာထဲမှာ တစ်ပါး ပိုးတွေ့တယ်။ စုစုပေါင်း တောင်ကြီးက ၄ ဦး၊ ရပ်စောက်က ၁
ဦးပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါက်တာဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို
လိုက်လံရှာဖွေလျက်ရှိပြီး တောင်ကြီးမြို့မဈေးအတွင်း ဈေးရောင်းချသူတစ်ဦးထံမှ COVID-19
ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် ဈေးအား ယာယီပိတ်သိမ်းထားပြီးဖြစ်ကြောင်း
သိရသည်။
.
ကလောမြို့နယ်၊ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ရှမ်းပြည်နယ်အတွင်းသို့
ဝင်ရောက်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး စစ်ဆေးပေးရာတွင်မူ ယနေ့ နိုဝင်ဘာလ
၃၀ ရက်၌ ပိုးတွေ့လူနာ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။
.
No comments:
Post a Comment