ရှမ်းပြည်နယ် အတွင်း၌ ဆေးကုသမှု ခံယူဆဲ COVID-19 လူနာ ၉၆ ဦး ရှိကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
ရှမ်းပြည်နယ်ရှိ မြို့နယ်များ၌ မတ်လ ၃၀ ရက်မှ နိုဝင်ဘာလ ၁၁ ရက်ထိ COVID-19 ပိုးတွေ့ အတည်ပြု လူနာ စုစုပေါင်း ၂၁၇ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် ၁ ဦး သေဆုံး၍ ၁၂၀ ဦးမှာ ပြန်လည် သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ ၉၆ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများ၌ ဆေးကုသမှု ခံယူနေဆဲ ဖြစ်သည်။
.
သေဆုံးသူ လူနာမှာ တောင်ကြီးမြို့နေ အသက် ၆၇ နှစ်အရွယ် အမျိုးသား ဖြစ်သည့် လူနာအမှတ်(၆၉၁၆) ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်တွင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ နိုဝင်ဘာလ ၁၁ ရက်၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၆၄၄၅၃ ဦး ရှိကာ၊ ယင်းအနက် ၁၄၈၀ ဦး သေဆုံး၍ ၄၈၅၃၂ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှဆင်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment