တောင်ကြီးမြို့​​နေ အမျိုးသား တစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, November 17, 2020

တောင်ကြီးမြို့​​နေ အမျိုးသား တစ်ဦးတွင် COVID-19 ပိုးတွေ့

တောင်ကြီးမြို့၊ ​ရေ​အေးကွင်းရပ်ကွက်​နေ အနံ့မရသည့် အမျိုးသား တစ်ဦးတွင် ​ယ​နေ့ နိုဝင်ဘာလ ၁၇ ရက်က COVID-19 ပိုး ​တွေ့ခဲ့​ကြောင်း သိရသည်။

.



" သူက ၁၂ ရက်​နေ့က စ ဖျားတယ်၊ ၁၃ ရက်​နေ့မှာ စပြီး အနံ့​ပျောက်တယ်။ အဲဒါကို အပြင်မှာပဲ ​ဆေးခန်းပြထားတာ ရှိတယ်။ သူ့ သူငယ်ချင်း​တွေနဲ့ အပြင်ထွက်တာ၊ ​ဘောလုံးကန်တာ​တွေ ရှိခဲ့တာ​ပေါ့။ Contact က​တော့ ခုထိ ၁၄ ​ယောက်​လောက်​တော့ ရှိမယ်။ ဒီ​​နေ့ မနက်မှ အနံ့ ​ပျောက်တယ်ဆိုပြီး အုပ်ချုပ်​ရေးမှူးက တဆင့် ​ပြောလာလို့ Quarantine ထည့်ပြီး Test Kit နဲ့ စစ်လိုက်တာ ​ည​နေ ၃ နာရီ​လောက်မှာ Positive ထွက်တာ​ပေါ့။" ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ​ဒေါက်တာ ဇဝနကိုက က​မ္ဘောဇတိုင်းသို့ ​ပြောသည်။

.

လူနာအား လက်ရှိတွင် ​တောင်ကြီးမြို့၊ စဝ်စံထွန်း​ဆေးရုံတွင် ​ဆေးကုသမှု ​ပေး​နေလျက် ရှိပြီး ပြည်သူများ အ​နေဖြင့် အနံ့​ပျောက်ခြင်း၊ ဖျားနာခြင်း စသည့် လက္ခဏာများ ဖြစ်ပါက သက်ဆိုင်ရာသို့ ချက်ချင်း အ​ကြောင်းကြား​ရန် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနက ​​မေတ္တာရပ်ခံထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About