နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် COVID-19 လူနာ ၂ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, November 9, 2020

နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် COVID-19 လူနာ ၂ ဦး တွေ့ရှိ

ခွန်သန်းအောင်

.

ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောက် လာသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ယာဉ်ပေါ်ပါလာသူများအား Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်းအမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာ ၂ ဦးအနက် တစ်ဦးမှာ မန္တလေးမြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် ISUZU အမျိုးအစား ၁၂ ဘီးယာဉ်မှ ယာဉ်မောင်းအမျိုးသားဖြစ်ပြီး ကျန်တစ်ဦးမှာ ရန်ကုန်မြို့မှ ရွာငံမြို့နယ်သို့ သွားရောက်မည့် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း သိရသည်။

.

ယင်းပိုးတွေ့လူနာ ၂ ဦးအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးလျက်ရှိပြီး ၁၂ ဘီးယာဉ်မှ ယာဉ်နောက်လိုက် တစ်ဦးနှင့် ရွာငံသို့ သွားရောက်မည့် အမျိုးသမီးနှင့်အတူပါလာသူ ၄ ဦးတို့အား ကလောမြို့၊ ဓမ္မယာန Quarantine Center သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About