မင်းဇော်မင်း
.
နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ခြေမြစ်ပင်ကျေးရွာရှိ COVID-19 စစ်ဆေးရေးဂိတ်တွင် ယနေ့ နိုဝင်ဘာလ ၂ ရက်၊ ညပိုင်းက တွဲယာဉ်တစ်စီးမှ ဝင်ရောက် တိုက်မိပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
.
.
ခြေမြစ်ပင်ကျေးရွာ COVID-19 စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များမှ ယာဉ်မောင်း နှင့်
ယာဉ်နောက်လိုက်များအား COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေစဉ်
နိုဝင်ဘာလ ၂ ရက်၊ ည ၇ နာရီအချိန် ခန့်က နောင်ချိုဘက်မှ မန္တလေးဘက်သို့ နမ့်ဆန်မြို့နယ်နေ
ယာဉ်မောင်း မြင့်သိန်း မောင်းနှင်လာသော တွဲယာဉ်က အရှိန်မထိန်းနိုင်ဘဲ ယာဉ်လမ်းရှင်းနေသော
ယာဉ်ထိန်းရဲအရာခံ ယွန်းမောင်နှင့် အမည်မသိ အရပ်သားတစ်ဦးအား ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ပြီး
အမည်မသိသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကာ ယာဉ်ထိန်းရဲအရာခံ ယွန်းမောင် မှာ ဒဏ်ရာစိုးရိမ်ရသဖြင့်
ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်စဉ် ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း မြင့်သိန်းအား
အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.