ချမ်းမင်းအေး (မိုးမိတ်)
.
မိုးမိတ်မြို့နယ်တွင် နိုဝင်ဘာလ ၂၅ ရက်၊ ညပိုင်းက
ပထမဆုံး COVID-19 လူနာတစ်ဦး စတင်တွေ့ရှိခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ
သိရသည်။
.
.မိုးမိတ်မြို့၊ လက်ခုတ်တန်းရပ်ကွက်နေသူတစ်ဦးသည် အနံ့အသက်
မရသဖြင့် နိုဝင်ဘာလ ၂၅ ရက်၊ ည ၉ နာရီခန့်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာမှ
မြို့နယ်ပြည်သူ့ဆေးရုံတွင် Rapid Test Kit ဖြင့် စစ်ဆေးခဲ့ရာ
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ
၄ ဦးအား ဆက်လက်စစ်ဆေးရာတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာအား မိုးမိတ်ပြည်သူ့ဆေးရုံရှိ
COVID-19 လူနာများ သီးခြားထားရှိရာ သံဃာဆောင်တွင် ထားရှိ ဆေးကုသမှု
ပေးလျက်ရှီပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် အတူနေမိသားစုဝင် ၄ ဦးနှင့် ထိတွေ့ခဲ့သူ ၄
ဦး၊ စုစုပေါင်း ၈ ဦး တို့အား မိုးမိတ်မြို့၊ အထက (၂) ရှိ Quarantine Center
တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
.