မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု
ခံယူနေသော COVID-19 ပိုးတွေ့လူနာ ၃ ဦးတို့သည် ရောဂါမှ ပြန်လည်သက်သာပျောက်ကင်းလာပြီဖြစ်သဖြင့်
ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ နေ့လယ်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
.
.အဆိုပါ ဆေးရုံမှ ဆင်းခွင့်ရသူများသည် ရန်ကုန်မြို့နှင့်
မြဝတီမြို့မှ ပြန်လာသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ဖြစ်ပြီး ကျောက်မဲမြို့
Quarantine Center များတွင် ဝင်ရောက်နေထိုင်စဉ် နိုဝင်ဘာ ၁၂
ရက်နေ့က ၎င်းတို့၏ ဓါတ်ခွဲနမူနာများကို ရယူစစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူများဖြစ်ကြောင်း သိရသည်။
.
ယင်း ပိုးတွေ့လူနာ ၃ ဦးအား ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးရှိ
သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူခဲ့ရာ သတ်မှတ် ကာလအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ
ပြသခြင်းမရှိဘဲ သက်သာပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခြင်းဖြစ်ကာ
၎င်းတို့သည် နေအိမ်တွင် ၇ ရက် သီးသန့် ထပ်မံနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့တွင် ယနေ့အထိ COVID-19 ပိုးတွေ့လူနာ ၁၁ ဦးရှိပြီဖြစ်ပြီး ၎င်းတို့အနက် ၁၀ ဦးမှာ ဆေးရုံမှ ဆင်းခွင့်
ရပြီဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
.
No comments:
Post a Comment