မိုင်းထွန်း (ကျောက်မဲ)
.
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် Quarantine
ဝင်နေသော အသက် ၂၇ နှစ် အရွယ်အမျိုးသားတစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.အဆိုပါ ပိုးတွေ့လူနာသည် စစ်ကိုင်းတိုင်းဒေသကြီး၊
ကနီမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ကျောက်မဲမြို့နယ်၊ နောင်ပိန် ကျေးရွာရှိ
ပျားမွေးမြူရေးလုပ်ငန်းတွင်အလုပ်လုပ်ရန် အတွက် လာရောက်ရာမှ နိုဝင်ဘာလ ၁ ရက်က နောင်ပိန် ကျေးရွာ Quarantine
Center ၌ ဝင်ရောက်နေထိုင်သူဖြစ်ကာ နိုဝင်ဘာလ ၆ ရက်က ၎င်း၏ ဓါတ်ခွဲနမူနာအား
ရယူစစ်ဆေးရာတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယင်း COVID-19 ရောဂါ အတည်ပြုလူနာကို
ကျောက်မဲပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ပြောင်းရွှေ့ ဆေးကုသမှု ပေးလျက်ရှိပြီး
၎င်း၏ မိသားစုဝင်များကို နေ့အိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ ထားကြောင်း
သိရသည်။
.
ကျောက်မဲမြို့နယ်တွင် ယနေ့အထိ COVID-19 ရောဂါ အတည်ပြုလူနာ ၇ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ၆ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာသဖြင့်
ဆေးရုံဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment