နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် COVID-19 လူနာ ၂ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, November 5, 2020

နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် COVID-19 လူနာ ၂ ဦး ထပ်မံတွေ့ရှိ

ခွန်သန်းအောင်
.

ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ နိုဝင်ဘာလ ၅ ရက်၊ နေ့လယ်ပိုင်းက COVID-19 ရောဂါ ပိုးတွေ့လူနာ ၂ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

.

 


.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များ၊ ယာဉ်ပေါ်ပါလာသူများအား နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် COVID-19 ရောဂါ စစ်ဆေးပေးနေစဉ် နိုဝင်ဘာလ ၅ ရက်၊ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် ယာဉ်မောင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် တစ်ဦး လိုက်ပါလာသော ကုန်တင်ယာဉ်အား ရပ်တန့်စစ်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား စစ်ဆေးရာ  ယာဉ်မောင်းဖြစ်သူတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ နေ့လယ် ၁၂ နာရီခန့်တွင် မန္တလေးမှ တောင်ကြီးမြို့သို့ သွားရောက်မည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်နေ ယာဉ်မောင်း မောင်းနှင်ပြီး အမျိုးသမီးတစ်ဦး၊ အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အသက် ၁၅ နှစ်အရွယ် အမျိုးသားတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယနေ့ နိုဝင်ဘာလ ၅ ရက်၊ နံနက် ၆ နာရီမှ နေ့လယ်ပိုင်းအထိ COVID-19 ပိုးတွေ့လူနာ ၃ ဦး ရှိလာပြီဖြစ်ပြီး လူနာများအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ပေးလျက်ရှိကာ ထိတွေ့ခဲ့သူများအား ကလောမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ဓမ္မာယာန မဇ္ဈိမယာန လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းရှိ Quarantine Center သို့ ပို့ဆောင်ကာ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About