နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း ၂ ဦးထံမှ COVID -19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, November 6, 2020

နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း ၂ ဦးထံမှ COVID -19 ပိုး တွေ့ရှိ

စုလှိုင်

.

ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ (နိုဝင်ဘာလ ၆ ရက်) နံနက်ပိုင်းက ယာဉ်မောင်း​ ၂ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.



.

“ကားသမား ၂ယောက် တွေ့တယ်။ ယာဉ်မောင်းတွေပါပဲ။ ၂ စီးလုံးက ကုန်ကားတွေပါပဲ။ တစ်စီးက Contact တစ်ယောက်ပါတယ်။ နောက်တစ်စီးကတော့ တစ်ယောက်ထဲ မောင်းလာတယ်။ Positive သမားကို ကလော ဆေးရုံပို့မယ်။ Contact ကို ကလော Quarantine Center ကို ပို့မယ်”  ဟု နန့်ပန်တတ် စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောမြို့နယ်ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာ က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

အဆိုပါ ပိုးတွေ့လူနာ ၂ ဦးအနက် တစ်ဦးသည် အသက် ၃၈ နှစ်  အရွယ် ကုန်တင်ယာဉ်မောင်း ဖြစ်ပြီး ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည်ဖြစ်ကာ အခြားတစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ကုန်တင်ယာဉ် မောင်းနှင်သူဖြစ်၍ ၎င်းတို့ အားကလောဆေးရုံတွင် ဆေးကုသမှု ခံယူစေပြီး ယင်း အမျိုးသားများ နှင့် ထိတွေ့ခဲ့သူ ၁ ဦးအား ကလောမြို့ရှိ Quarantine Center သို့ ပို့ဆောင်ထားကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

About