တောင်ကြီးတွင် အသက် ၅ နှစ် အရွယ် ကလေး အပါအဝင် ၃ ဦး တွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

တောင်ကြီးတွင် အသက် ၅ နှစ် အရွယ် ကလေး အပါအဝင် ၃ ဦး တွင် COVID-19 ပိုးတွေ့

 စုလှိုင်

.

တောင်ကြီးမြို့တွင် အသက် ၅ နှစ်အရွယ် ကလေး အပါအဝင် ၃ ဦးတွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက်က COVID-19 ပိုး တွေ့ခဲ့ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

.

ပိုးတွေ့တာက မင်္ဂလာဦးက တစ်ယောက်နဲ့ အဆက်ပေါ့။ RDT နဲ့ စစ်လိုက်တာ ၃ ယောက် တွေ့တယ်။ သူတို့ရဲ့ Primary Contact (ပထမ ထိတွေ့သူ) တွေကို Facilities Quarantine ထားမှာပါ။ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.


ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် တောင်ကြီးမြို့ပေါ်ရှိ Quarantine Center များ၌ အသွားအလာ ကန့်သတ်ထားသူများအား RDT ဖြင့် စစ်ဆေးစဉ် အထက(၁၁)ရှိ Quarantine Center တွင် ၂ ဦး၊ BH Hotel တွင် ၁ ဦး၊ စုစုပေါင်း ၃ ဦးထံတွင် COVID-19 ပိုးတွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ COVID-19 ပိုး တွေ့ရှိခဲ့သူများမှာ အသက် ၅ နှစ်၊ ၂၃ နှစ်နှင့် အသက် ၄၆ နှစ်အရွယ် အမျိုးသားများ ဖြစ်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်အား အမျိုးသမီးနှင့် ကလေးဆေးရုံတွင် လည်းကောင်း၊ ကျန် ၂ ဦးကို စဝ်စံထွန်း ဆေးရုံတွင် လည်းကောင်း ဆေးကုသမှုပေးမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats