ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းဓမ္မစကူးလ်၌ Quarantine ဝင်ရောက်နေသည့် အမျိုးသား တစ်ဦးထံတွင် ယနေ့ (နိုဝင်ဘာလ ၂၃ ရက်)၊ နံနက်ပိုင်းက COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
“ သူက ပင်လောင်းမြို့နယ်က လူနာနဲ့အတူ ရန်ကုန်ကနေ ပြန်လာတာ။ ပြန်လာပြီး ချက်ချင်း Quarantine ဝင်တာပါ။ ဟိုပုံးမြို့နယ်၊ ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟွေးတက်ကျေးရွာကပါ။ တစ်ခန်းထဲမှာ ၃ ယောက်နေတာဆိုတော့ တစ်ခန်းထဲမှာ နေတဲ့သူတွေတော့ Contact ရှိပါတယ်။”ဟု ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့ လူနာမှာ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာသည့် အသက် ၃၁ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး Quarantine ဝင်ရောက်နေသူများအား RDT ဖြင့် စစ်ဆေးစဉ် ယင်းအမျိုးသား၌ COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ကာ လူနာအား ဟိုပုံးဆေးရုံ၌ ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment