တောင်ကြီးတွင် COVID-19 ပိုးတွေ့လူနာ ၄ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် COVID-19 ပိုးတွေ့လူနာ ၄ ဦး ထပ်မံ တွေ့ရှိ

စုလှိုင်

.

တောင်ကြီးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက်က COVID-19 ပိုးတွေ့လူနာ ၄ ဦး ထပ်မံ တွေ့ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

.


မင်္ဂလာဦးရပ်ကွက်က ၄ ယောက်။ အရင်နံ့ပျောက် လူနာရဲ့ Contact အဆက်တွေပေါ့။ Test kit တွေနဲ့ပဲ စစ်တာ။ Contact က ထပ် ရှိနိုင်တယ်။ အခုတော့ ဆက် ရှာနေသေးတယ်။ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ COVID-19 ပိုးတွေ့ လူနာများအနက် ၂ ဦးကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင်လည်းကောင်း၊ ကျန် ၂ ဦးကို တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးဆေးရုံတွင် လည်းကောင်း ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats