.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ Rapid Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ ရန်ကုန်-တောင်ကြီး ကုန်တင်ယာဉ်၏ ယာဉ်နောက်လိုက် တစ်ဦးတွင် နိုဝင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက COVID-19 ပိုးတွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အသက် ၃၀ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ သွားရောက်မည့် ၁၂ ဘီး ကုန်တင်ယာဉ်၏ ယာဉ်နောက်လိုက် ဖြစ်ကာ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ဓါတ်ခွဲနမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
၎င်းအား ကလောဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကာ ထိတွေ့မှု ရှိသော ယာဉ်မောင်း အမျိုးသားကို ကလောမြို့ရှိ Quarantine Center သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။
.