စုလှိုင်
.
ကလောမြို့နယ်၊ နန့်ပန်တက် COVID-19 ရောဂါ စစ်ဆေးရေးဂိတ်တွင် ယနေ့ နိုဝင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း
သိရသည်။
.
.“နန့်ပန်တက်စစ်ဆေးရေးဂိတ်မှာ ဒီမနက် ၂ ဦးတွေ့တာပါ”
ဟု ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာ အမျိုးသား ၂ ဦးမှာ မန္တလေးမှ
လွိုင်ကော်မြို့သို့ သွားရောက်မည့် အသက် ၂၈ နှစ်အရွယ် ယာဉ်မောင်းနှင့် အောင်လံမြို့မှ
အောင်ပန်းသို့ သွားရောက်မည့် အသက် ၂၀ အရွယ် ယာဉ်နောက်လိုက်တို့ဖြစ်ကြောင်း သိရသည်။
.
ယင်းပိုးတွေ့လူနာ ၂ ဦးအား ကလောပြည်သူ့ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းတို့နှင့် တွေ့မှု ရှိသူများအား ကလောမြို့၊
ဓမ္မယာန Quarantine Center သို့ ပို့ဆောင် ထားကြောင်း သိရသည်။
.
No comments:
Post a Comment